ပုသိမ်ခရိုင်သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကွမ်းခြံကုန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု (၅၅၀)စုအတွက် အခြေခံရည်ညွှန်းဈေးဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၅၀၀၀)ဈေးနှင့်ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ကွက်ပြင်ကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု ၅၅၀ အတွက် ပုသိမ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဈေးကားဖြင့် ကျေးရွာနေပြည်သူများအား ဈေးနှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်ရန် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဈေးဖြင့် ပိဿာ ၅၅၀ ရောင်းချပေးခဲ့ရာ ရပ်ကျေးအဖွဲ့များ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးထွန်းမင်းလတ်မှလည်း ဝယ်ယူသူများစနစ်တကျတန်းစီ ဝယ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)