ရေကြည်မြို့နယ် မြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင်များကွင်းဆင်း

Powered by Drupal

     ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများသည် ရေကြည်မြို့ မြို့မစည်ပင်သာယာဈေးအတွင်း စားသုံးဆီ ရောင်းချသော ဆိုင်များသို့ နိုဝင်ဘာလ ၅ ရက်နေ့ ဈေးကွက်အတွင်း စားသုံးဆီရောင်းချနေသည့် ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊၊ ထိုသို့သွားရောက်ခဲ့ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ် ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်အလုပ်အမှုဆောင်အရာရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းပါဝင်၍ ဈေးအတွင်းဆီရောင်းချနေသော အရောင်းဆိုင်များတွင် ပဲဆီစစ်များနှင့် စားအုန်းဆီကုမ္ပဏီအမှတ်တံဆိပ်ပါ ဘူးသွပ်ဆီများ ရောင်းချရန် ပဲလတ်ဆီ၊ ပဲနှောဆီများ ရောင်းချခြင်းမပြုလုပ်ရန် လုပ်ငန်းရှင်များအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)