ကော့သောင်းမြို့အခြေခံပညာကျောင်းများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကော့သောင်းမြို့ အခြေခံပညာအလယ်တန်း(ခွဲ) ဘုရင့်နောင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြသီတာမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင် သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးဖက်ဝင်အပင်များအကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သောရောဂါများအကြောင်းကို အကျယ်တဝင့်ပြော ကြားခဲ့ပါသည်။ထိုနောက် အခြေခံပညာအလယ်တန်း(ခွဲ)စာသင်ကျောင်းတွင် ကျောင်းမုန့်စျေးတန်းများအား သက်တမ်းလွန်စားသောက်ကုန်များနှင့်စားသုံးရန်မသင့်သော စားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)