လွိုင်ကော်ခရိုင် ဆန်သယ်ယူပို့ဆောင်ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂) ဆောင်ရွက်ခြင်း

Powered by Drupal

လွိုင်ကော်ခရိုင် ဆန်သယ်ယူပိုဆောင်ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက် (၀၉ ၀၀) နာရီ အချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ဆောင် ရွက်ခဲ့ရာ ဥက္ကဌ၊ အတွင်းရေးမှူး၊ကော်မတီအဖွဲ့ဝင်များနှင့် ဆန်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များ(၁၆)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဆန်သယ်ယူပို့ဆောင်ဖြန့်ဖြူးမှုကြီးကြပ်ရေးကော်မတီ ဥက္ကဌ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချူပ်ရေးမှူး၊ ဦးဝင်းဇော်နိုင်က အဖွင့်အမှာ စကားပြော ကြားခဲ့ပြီး၊လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ ပြည်နယ်အတွင်း ဆန်တင်သွင်းမှုကို ပြည်နယ် အစိုးရအဖွဲ့မှယာယီကန့်သတ်ထားပါကြောင်း ၊ မဖြစ်မနေ ဆန်သယ်ယူမည်ဆိုပါက ဆန်သယ်ယူ ခွင့်ကိုကြိုတင်ပြီး တင်ပြရမည်ဖြစ်ပါကြောင်း၊ ဆန်များကို တရားဝင်လမ်းကြောင်းမှသာ သယ်ယူသင့်ပါကြောင်း၊ တရားမဝင်လမ်းကြောင်းမှ တင်သွင်းသော ဆန်များမရှိစေရေးအတွက် လွိုင်ကော်ခရိုင် ဆန်သယ်ယူပို့ဆောင်ဖြန့်ဖြူးမှုကော်မတီမှ ကြီးကြပ်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီးတက်ရောက်လာသော ဆန်ကုန်သည်များမှ အသီးသီးဆွေးနွေးခဲ့ပြီးနောက် အစည်းအဝေးကို (၁၀;၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကယားပြည်နယ်