ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည် (၂၁.၁၁.၂၀၂၃)ရက်နေ့ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ဓနုဖြူ သပြုကျေးရွာရှိ မုန့်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၈)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးပြောပွဲတွင် ဦးခိုင်လွမ်းမိုးက စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်၍ ရောင်းချမှုမပြုကြရန် တားမြစ်ထားသောကုန်စည်များ ရောင်းချခြင်းမပြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)