ထားဝယ်မြို့ ကမ်းနားပျံကျစျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့၊ နံနက်(၀၇း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ကမ်းနားပျံကျစျေးအတွင်းရှိ အသား၊ ငါးအရောင်းဆိုင်တို့အား သက်ဆိုင်ရာဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊စိုက်ပျိုးရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ကြက်သား၊ ဝက်သား၊ ငါး၊ ပုစွန်တို့တွင် စာသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဖော်မလင်ဆေးရည်များ ထိုးနှံရောင်းချခြင်းရှိ/မရှိနှင့် သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)