ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် အတွင်းရှိ “ဂွတ်ရှယ်” သုံးထောင့်မုန့် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဖျာပုံခရိုင်ဦးစီးမှူး ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ(၁၇) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊(၃) ရပ်ကွက် ၊ ဒုတိယလမ်းရှိ “ဂွတ်ရှယ်” သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

   အဆိုပါ ကွင်းဆင်းစိစစ်မှုတွင် “ဂွတ်ရှယ်” သုံးထောင့်မုန့်လုပ်ငန်းမှ ထွက်ရှိသော သုံးထောင့်မုန့်တွင်ပါဝင်သောပစ္စည်းများ (ဂျုံ၊သကြား၊မြေပဲ၊နှမ်း၊ကြက်သွန်နီကြော်၊ဆီ၊ဆား၊ရေသန့်)များပါဝင်ပြီး   တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးပေါင်း(၅၀၀)မှ(၆၀၀) ကြားထုတ်လုပ်ကြောင်း၊ ဈေးကွက်အတွင်း ရောင်းဝယ်မှုပေါ် မူတည်၍ နေ့စဉ် ထုတ်လုပ်လျက်ရှိကြောင်း၊ မုန့်တစ်ဘူးလျှင် သုံးထောင့်မုန့်(၆)ခု၊ အငန်မုန့် (၈)ခု ပါဝင်ပြီး ဈေးနှုန်းအနေဖြင့် လက်လီ (၁၉၀၀)ကျပ်၊ လက်ကား(၁၈၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ အဆိုပါ သုံးထောင့်မုန့်လုပ်ငန်းတွင် လုပ်သားဦးရေ (၇) ဦးရှိပြီး တစ်လတစ်ဦးလျှင် လုပ်ခလစာ တစ်သိန်းခွဲ ကျပ်ပေးထားရပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် အခြားဒေသများပါ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

  ထို့နောက် ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်နေသောကုန်စည်နှင့်ပက်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ထည့်သွင်းရောင်းချကြရန်နှင့် ကုန်စည်အရည်အသွေး ပြည့်ဝစွာထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဆွေးနွေးခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)