တရားမဝင်ကုန်စည် တားဆီးရေးအဖွဲ့များ ပူးပေါင်း၍ တရားမဝင်အေးခဲဘဲသားနှင့် အေးခဲကြက်နက်သားများဖမ်းဆီးဖျက်ဆီးခြင်း

Powered by Drupal

      (၁၀.၁.၂၀၂၂) ရက်နေ့တွင်  တရားမဝင်ကုန်စည်တားဆီးရေးအဖွဲ့များဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် သံလွင်တံတားစုပေါင်းစစ်ဆေးရေးဂိတ်တွင် ရှောင်တခင်စစ်ဆေးစဉ် နံနက် (၁၁:၀၀)နာရီအချိန်ခန့်တွင် မြဝတီ- ရန်ကုန်ပြေးဆွဲလျက်ရှိသော မှန်လုံယာဉ်အား ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်တင်ဆောင်လာသော အေးခဲဘဲသား (၁၃၀)အိတ် ခန့်မှန်းအလေးချိန် (၂၀၈၀) ကီလိုဂရမ်နှင့် အေးခဲကြက်နက်သား (၆၅)အိတ် ခန့်မှန်းအလေးချိန် (၉၇၅)ကီလိုဂရမ် ကာလတန်ဖိုးခန့်မှန်း (၅၈.၅)သိန်းကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

      ဈေးကွက်အတွင်း စားသုံးသူများထံသို့ ရောက်ရှိပါက အန္တရာယ်ဖြစ်စေနိုင်သဖြင့် တရားမဝင်ကုန်စည်တားဆီးရေးအဖွဲ့များက သိမ်းဆည်းပြီး အေးခဲဘဲသားနှင့် အေးခဲကြက်နက်သားများကို တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် တင်သွင်း/ တင်ပို့ခြင်း ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဖြင့် ထန်းကိုးပင်သုဿန်တွင် ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်