မြိတ်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေး

Powered by Drupal

              ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိစားသုံးဆီအရောင်းဆိုင်များသို့ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာအချက်များအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

                အဆိုပါဆိုင်များသို့ ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် ပင်ရင်းပါဝင်ပစ္စည်းများအား တိကျစွာဖော်ပြရမည့်အပြင် စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရန် စားသုံးဆီအမျိုးအမည်များတွင် (ဟင်းသီးဟင်းရွက်ဆီ၊ အသားဆီ) ဟု ခြုံငုံဖော်ပြခြင်းမပြုရန်နှင့် (ဟင်းသီးဟင်းရွက်ဆီ-စားအုန်းဆီ၊ နေကြာဆီ၊ နှမ်းဆီ)ဟု မြန်မာဘာသာဖြင့် အမျိုးအစားအလိုက် တိကျစွာဖော်ပြရန်၊ စားသုံးဆီအမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြပေးပါရန် ရှင်းလင်းပြောကြားခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီး