စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ကာကွယ်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း များနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လိုက်နာရမည့်တာဝန်များအား သိရှိ လိုက်နာနိုင် စေရေးအတွက် စားသုံးသူများအားအသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းများ ကိုဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း အသိပညာပေးဆွေးနွေးခြင်း(၉)ကြိမ်၊ လုပ်ငန်း ရှင်နှင့်တွေ့ဆုံခြင်း(၁၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအနေဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များအတွင်းရှိ စာသင်ကျောင်းများဖြစ်သော အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများသို့ သွားရောက်၍ စားသုံးသူအခွင့်အရေးများအား သိရှိပြီး ရယူတတ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များအား သတိပြုဝယ်ယူသုံးစွဲရန်လိုအပ်ကြောင်း၊ အသိ ပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။
လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုအနေဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များအတွင်း ရှိ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ ကုန်မျိုးစုံရောင်းချသည့်အရောင်းဆိုင်များနှင့်စတိုးဆိုင် များ၊ သောက်ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံး သူကာကွယ်ရေးဥပဒေပါ အချက်အလက်များအား သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ စားသုံးဆီရောင်းချ သည့်လုပ်ငန်းရှင်များအား ပဲဆီ၊ နှမ်းဆီများကို စားအုန်းဆီများနှင့်ရော၍ ရောဆီအဖြစ်ရောင်းချရာတွင် စားသုံးသူများအပေါ် လိမ်လည်လှည့်ဖျားခြင်းမရှိစေရန်အတွက် ရောစပ်သည့်အချိုးအစား ရာခိုင်နှုန်း အား သိသာထင်ရှားစွာ သတင်းအချက်အလက်ပေး၍ ရောင်းချရန်၊ ဆီထည့်သည့်ပုံးများအား စတီးပုံး များဖြင့် အဖုံးများဖုံးအုပ်၍ရောင်းချသွားရန် ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိ စေရေး အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)