မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲဆောင်ရွက်ခြင်း

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူလူထုထံသို့ ကိုယ်တိုင်အရောက် အသိပညာဖြန့်ဝေရန် အခက်အခဲရှိနေချိန်တွင် Media မှတဆင့် အသိပညာပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်၌ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ(Talk Show) အားကျင်းပပြုလုပ်ခဲ့ရာ ဦးမျိုးထွန်း(ဦးစီးအရာရှိ)နှင့် အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စံပယ်(ဦးစီးအရာရှိ)တို့ တက်ရောက်ခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် လက်ရှိဆောင်ရွက်နေသာ လုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပြဌာန်းမှုအခြေအနေ၊ ၂၀၁၄ ဥပဒေနှင့် နှိုင်းယှဉ်ပါက (၂၀၁၉)ဥပဒေ၏ အားသာချက်များ၊ စားသုံးသူကာကွယ်ရေးနယ်ပယ်များ၊ ပြည်သူများသိသင့်သည့် ဥပဒေပါ အရေးကြီးကဏ္ဍများ၊ အရေးယူနိုင်သည့် နည်းလမ်းများ၊ စားသုံးသူနစ်နာမှုများအား တိုင်ကြားနိုင်သည့် အခြေအနေများ၊ အထွေထွေကဏ္ဍများအား ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဆွေးနွေးရခြင်းအားဖြင့် စားသုံးသူပြည်သူလူထုအနေဖြင့် ရသင့်ရထိုက်သည့် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်လာပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လိုက်နာရမည့် ဥပဒေများ၊ ကုန်စည်ထုတ်ပိုးရာတွင် လိုက်နာရမည့် ဥပဒေများကိုပါ သိရှိသဘောပေါက်လာနိုင်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ Talk Show ပွဲများမှတဆင့် ပြည်သူများအနေဖြင့် အသိပညာနှင့်အခွင့်အရေးများကို ပိုမိုကျယ်ပြန့်စွာ သိရှိလေ့လာခွင့်ရရှိလာမည်ဖြစ်ပြီး၊ အနာဂါတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်း၊ ပတ်ဝန်းကျင်များတွင် နေထိုင်ခွင့်ရရှိစေရေးစသော အကျိုးကျေးဇူးများကို ခံစားလာရမည်ဖြစ်ကြောင်း ရေးသားတင်ပြပေးလိုက်ရပါသည်။

စားသုံးသူရေးရာဌာနခွဲ

မန္တလေးတိုင်းဒေသကြီး