ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးစိုင်းဟုန်ရှန်(ဒု-ကြီးကြပ်ရေးမှူး)သည် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့တွင် မိုင်းယောင်း မြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ပါမုန်ကျေးရွာရှိတောင်သူဦးနွဲ့ရှန်း၏ငရုတ်စိုက်ခင်းအားသွားရောက်၍ ငရုတ်စိုက်ခင်းဖြစ်ထွန်းနေမှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား လေ့လာခဲ့ပါသည်။
တောင်သူဦးနွဲ့ရှန်း၏ငရုတ်စိုက်ခင်းသည် (၅)ဧကခန့်ကျယ်ဝန်းပြီး ဩဂုတ်လတွင် စတင်ထွန်ယက်စိုက်ပျိုးကာ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းနေပြီး နိုဝင်ဘာလကုန်ပိုင်းမှစတင်၍ဆွတ်ခူးနေ သည်ကိုတွေ့ရပါသည်။ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၁၆)သိန်းခန့်ရှိပြီး အကျိုးအမြတ်အနေနှင့် တစ်ဧကကျပ်(၁၀)သိန်းခန့်ရှိသည်ဟု သိရှိရပါသည်။ ယခုနှစ်တွင်ငရုတ်သီးစိမ်း (၁)ကီလို လျှင်(၂၀၀၀)ကျပ်မှစတင်ရောင်းချနေရကြောင်း တောင်သူများထံမှသိရှိရပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ငရုတ်ကိုနှစ်စဉ်ဆောင်သီးနှံအဖြစ် စိုက်ပျိုးကြပြီး ထွက်ရှိလာသောသီးနှံများကိုဒေသတွင်းစားသုံးရန်နှင့် မိုင်းဖြတ်မြို့နယ်၊တာချီလိတ် မြို့နယ်တို့ကိုတင်ပို့ရောင်းချ၍ အကျိုးအမြတ်များဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)