စားအုန်းဆီရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၅.၁၂.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် ဘိုးလှကြီးရပ်ကွက်၊ နံသာမြိုင်လမ်းတွင် စားဆီများရောင်းချနေမှုအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့သည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ခွဲဝေရရှိသော ဆီများအား ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်၊ နံသာမြိုင်လမ်းတွင် တစ်ပိဿာ (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးတစ်ပိဿာနှုန်းဖြင့် ပိဿာ(၃၃၀)အား ရောင်းချခဲ့ရာ စားသုံးသူများ စိတ်ကျေနပ်စွာ ဝယ်ယူခွင့်ရရှိခြင်း ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)