စက်သုံးဆီဆိုင်များဆီလက်ကျန်အခြေအနေများစစ်ဆေးခြင်း

Powered by Drupal

   ၄.၁၂.၂၀၂၃ ရက်နေ့ နံနက်၁၀:၃၀အချိန်မှစ၍ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များဖြစ်သော တောင်ဥက္ကလာပမြို့နယ်ရှိ  Puma Power စက်သုံးဆီဆိုင်၊  တာမွေမြို့နယ်ရှိ သူရိယစွမ်းအင်စက်သုံးဆီဆိုင် ၊မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Star Hight စက်သုံးဆီဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် တာဝန်ရှိဝန်ထမ်းများက ကွင်းဆင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် စက်သုံးဆီဆိုင်များရှိဆိုင်အတွင်း ဆီကန်ဝင်ဆံ့နိုင်မှုပမာဏ၊ ဆီပြတ်လပ် သည့် ဆီကန်လက်ကျန်များ တိုင်းထွာခြင်း၊  ပြတ်လပ်သည့်ဆီနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊PO လျှောက်ထားမှု အခြေအနေ၊  ဆိုင်အတွင်းကာတန်းဆီမှုအခြေအနေတို့ကို  ဆိုင်တာဝန်ခံများနှင့်အတူ စစ်ဆေးတိုင်းတာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)