ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတွင်စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိ‌ကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခြင်း

Powered by Drupal

    ၂၀၂၃ခုနှစ် ၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ထွေးက ဆီစားသုံးမှုလျှော့ချစေရေးအတွက် ဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဆွေးနွေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင် များကိုလည်း   ဖြန့်ဝေပေးခဲ့ပါသည်။

    အခမ်းအနားသို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူ အင်အား(၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လယ်(၁၂း၃၀) နာရီအချိန်တွင်  ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)