ကျိုက်လတ်မြို့နယ်၊ “ပြည့်စုံအောင်” စက်မှုလက်မှုလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ(၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၂) ရပ်ကွက် ၊ (၂) လမ်းရှိ  ပြည့်စုံအောင် စက်မှုလက်မှုလုပ်ငန်းသို့ သွားရောက်ပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် စက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများမှာ “ပြည့်စုံအောင်” စက်မှုလက်မှုလုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသော ခြွေလှေ့စက် ၊ ရေတင်စက်၊ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးနှင့် အနိမ့်တင် ရေတင်ပိုက် စသည်တို့ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊အနိမ့်တင်ရေပိုက်ဈေးနှုန်းမှာ (၂၈၀၀၀) နှင့် (၃၀၀၀၀) ဈေးနှုန်းရှိကြောင်း ၊ လယ်ယာသုံးစက်ကိရိယာ အဖြစ် ထွန်လုံး အထူအပါးပေါ်မူတည်၍ ဈေးနှုန်းမှာ (၂၆၀၀၀၀) ကျပ် နှင့် (၃၂၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား တွေ့ဆုံမေးမြန်းကာ MSMEs နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)