ဘီးလင်းမြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်ခြင်း

Powered by Drupal

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံဦးမျိုးလွင်နှင့် ဝန်ထမ်းတို့သည် (၁၀.၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)တွင် မြို့နယ်တာဝန်ခံ ဦးမျိုးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု အကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း စားသုံးသူတို့မှ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်အခွင့်အလမ်းများနှင့် တင်ပြရမည့် အထောက်အထားများကိုလည်းကောင်း အများပြည်သူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)