စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် "ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွင့်ဖြိုးတိုး တက်စေရန်"ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀:၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်
ပထမဦးစွာ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှလည်း မိမိတို့ အနေဖြင့် ဆီစက်လည်ပတ်ကြိတ်ခွဲထုတ်လုပ်ရာတွင် ဒေသတွင်းတောင်သူများ သီးနှံပေါ်ချိန်မှသာ လည်ပတ်ကြိတ်ခွဲရကြောင်း၊ ဆီလာကြိတ်သည့် တောင်သူများမှပိုလျှံ၍ ရောင်းချသည့်ဆီများကို ဝယ်ယူကာ ဒေသတွင်းနှင့်အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောင်းချကြောင်း၊ လုပ်ငန်းရှင်မှ ပြန်လည်ဆွေးနွေးပြောကြားခဲ့ရာ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)