တောင်ငူမြို့နယ် မူလွန် ကျေးတောတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာလ၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကျေးတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဌာန်းထားမှုများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုပြီး ကုန်အညွှန်းအမှတ်အသားနှင့်အညီ လိုက်နာသုံးစွဲရန် အရေးကြီးပုံများ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲသင့်ပုံများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

    ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၉၆ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)