သနပ္ပင် မိုးစပါး စိုက်ပျိုးထွက်ရှိမှု အခြေအနေ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ် တာဝန်ခံသည် သနပ္ပင်မြို့နယ်အတွင်းရှိ   ၂၀၂၁ခုနှစ် မိုးရာသီလယ်သမားများစိုက်ပျိုးခဲ့သည့် မိုးစပါးများ တစ်ဧက ထွက်ရှိမှုများနှင့် ပတ်သက်၍ ၆.၁.၂၀၂၂ ရက်နေ့တွင် သွားရောက်မေးမြန်းခဲ့ပါသည်။

       လယ်သမားများသည် ယခုနှစ်မိုးရာသီတွင် မိမိတို့စိုက်ပျိုးခဲ့သော စပါးအမျိုးအစားများမှာ ဧရာခင်း စပါး အမျိုးအစားနှင့် ဆင်းသုခစပါး အမျိုးအစားများဖြစ်ပြီး ၎င်းတို့စိုက်ပျိုးခဲ့သော လယ်ဧကများတွင် ကြဲခင်းစိုက်ပျိုးခြင်းနှင့် စိုက်ခင်းစိုက်ပျိုးခြင်းစနစ် (၂) မျိုးဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ ကြဲခင်းစိုက်ပျိုးရာတွင် ဓါတ်မြေသြဇာသုံးစွဲခြင်းမရှိပါက တစ်ဧကလျှင် ၄၅ တင်းနှုန်းထွက်ရှိပြီး ဓါတ်မြေဩဇာ သုံးစွဲပါက တစ်ဧကလျှင် ၆၅တင်း ထွက်ရှိကြောင်း၊ စိုက်ခင်းစိုက်ပျိုးရာတွင် ဓါတ်မြေသြဇာအား မဖြစ်မနေ သုံးစွဲစိုက်ပျိုးသည့်အတွက် တစ်ဧက ထွက်ရှိနှုန်းအားဖြင့်  ၈၅ တင်းနှုန်း ထွက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုနှစ်မိုးရာသီ စပါးစိုက်ဧကမှာ ၄၀ ဧကရှိပြီး စပါးထွက်ရှိမှုမှာ တင်းပေါင်း ၂၆၀၀တင်းထွက်ရှိ၍ ပျှမ်းမျှတစ်ဧက ထွက်ရှိနှုန်းမှာ ၆၅ တင်းထွက်ရှိကြောင်း၊ ထွက်ရှိလာသောစပါးများကို ဝမ်းစာနှင့် မျိုးစပါးများ ချန်ထားပြီး ပိုလျှံသောစပါးများကို တစ်တင်းလျှင် ၁၆၂၀ဝိ/နှုန်းဖြင့် ရောင်းချကာရရှိလာသော အကျိုးအမြတ်‌ဖြင့် ဆောင်းသီးနှံစိုက်ပျိုးမှုများအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)