ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး-ဦးစိုးမင်းထိုက် ဦးဆောင်မှုဖြင့် ဒေးဒရဲမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၁၁) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် အမှတ်(၁) ရပ်ကွက်ရှိ ပြည်သူများအားစားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒုခရိုင်မှူး-ဦးစိုးမင်းထိုက် မှ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉) ပါစားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်းနှင့် ဈေးကွက်ရောက်ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် FDA ထောက်ခံချက်များပါ ကုန်စည်များနှင့် မြန်မာဘာသာ(သို့မဟုတ်) အခြားဘာသာ တစ်ခုထက်ပို၍ ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်စည်နှင့် ဆေးဝါးများအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကုစားနိုင်ခွင့်ရှိခြင်းနှင့် စိတ်ကျေနပ်မှု မရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm သို့လည်းဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း နှင့် Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုအပေါ် သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)