ဖျာပုံခရိုင်၊ သလိပ်ကြီးကျေးရွာ၊ “ရွှေပြည်မိုး” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံတို့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ ၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် သလိပ်ကြီးကျေးရွာ၊ “ရွှေပြည်မိုး” ဆန်စက်သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

  ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ခရိုင်ဦးစီးမှူးမှ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ အကြောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးအရည်အသွေးထုတ်လုပ်မှု ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းနှင့် ပက်သက်၍ အဆင့်မြင့် ဆန်စက်ဖြစ်သောကြောင့် အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက် သို့လည်း ထုတ်ကုန်များ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ယခုကာလတွင် စပါးများထွက်ရှိနေသည့်အတွက် စနစ်တကျ အလေအလွင့်မရှိအောင် အလေးထားလုပ်ဆောင်စေလိုကြောင်း၊ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းရှိ အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ကြောင်းနှင့် ဆန်စက်အတွင်းရှိ ခေတ်မှီစက်ကိရိယာတပ်ဆင်ထားရှိမှုနှင့် Gasifire များ စနစ်တကျထားရှိခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)