ဘိုကလေးမြို့၊(၁၀)ရပ်ကွက် (၁၁၁) ဆန်စက်သို့ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ဘိုကလေးမြို့နယ် (၁၀) ရပ်ကွက်ရှိ (၁၁၁) ဆန်စက်သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

         ထိုသို့ကွင်းဆင်းစိစစ်ရာတွင် လက်ရှိလည်ပတ်နေသော (၁၁၁) ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးအရည်အသွေးပြည့်မီစေရေး၊အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ သိုလှောင်ရုံများ စနစ်တကျထားရှိမှု အခြေအနေများနှင့် ခေတ်မှီစက်ကိရိယာများ၏ တစ်နာရီပျမ်းမျှ ကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် (၁၁၁) ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းလေ့လာစိစစ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)