ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မော်လမြိုင်ကျွန်းမြို့ ဖိုင်ဘာဂလပ်စ်လုပ်ငန်း ကွင်းဆင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြိုနယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၁.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မော်လမြိုင် ကျွန်းမြို့နယ် အမှတ်(၁)ရပ်ကွက် စိန်ပန်းပတ်လမ်းရှိ ဦးနေဇော်ထွေး၏ မြတ်ဖိုင်ဘာဂလပ်စ် လုပ်ငန်းသို့ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးအတွက် မြတ်ဖိုင်ဘာဂလပ်စ်လုပ်ငန်းအနေဖြင့် နိုင်ငံတကာအဆင့်မီ အရည်အသွေးနှင့် ကုန်ကြမ်းများဖြစ်သော ကော်ရည်၊ ရိုင်လိပ်၊ ခြောက်ဆေးတို့ကို အချိုးကျရောစပ်၍ အချိုးအစား ကျနလှပသော အာမခံဖိုင်ဘာဂလပ်စ် ပဲ့ထောင်အမျိုးမျိုး (၃)ယောက်စီး ဖန်စီဘုတ်အမျိုးမျိုး၊ ရေ တိုက်ကီဆိုဒ်မျိုးစုံတို့ကို ထုတ်လုပ်ရောင်းချပြီး သုံးစွဲသူများစိတ်တိုင်းကျအော်ဒါစနစ်ဖြင့်  ဆောင် ရွက်ပေးလျှက်ရှိကြောင်း ဖြန့်ဖြူရောင်းချမှုအနေဖြင့် မြို့နယ်အတွင်းနှင့်အနယ်နယ်အရပ်ရပ်သို့ အော်ဒါစနစ်ဖြင့် မှာယူခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်လလျှင်အော်ဒါ(၅)စီးခန့် လုပ်ရကြောင်း၊ ဈေးနှုန်းများအနေဖြင့် (၁၈)ပေ ပဲ့ထောင်တစ်စီးလျှင် (၈၅၀၀၀၀)ကျပ်၊ (၂၄)ပေ ပဲ့ထောင်(၁၄၅၀၀၀၀)ကျပ်၊ (၃၀)ပေပဲ့ထောင် (၂၄၀၀၀၀၀)ကျပ်၊ (၁၈)ပေဖန်စီဘုတ် တစ်စီးလျှင် (၈၀၀၀၀၀)ကျပ်နှုန်းနှင့် ရေတိုင်ကီ (၁၅၀)ဂါလံဆံ့(၁၇၅၀၀၀)ကျပ်၊ (၂၀၀)ဂါလံဆံ့(၂၁၀၀၀၀)ကျပ်၊ (၄၀၀) ဂါလံဆံ့(၃၅၀၀၀၀)ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)