စက်သုံးဆီဆိုင်များဆီလက်ကျန်အခြေအနေများစစ်ဆေးခြင်း

Powered by Drupal

       ၈.၁၂.၂၀၂၃ ရက်နေ့၊ နံနက်၁၀:30အချိန်မှစ၍ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ စက်သုံး ဆီဆိုင်များဖြစ်သော K.Z.H(OK Energy)၊  Denko-1၊  Denko-၂၊  Denko-၃နှင့် MMTM(မြောက်ဒဂုံ) စက်သုံးဆီဆိုင်များသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ စသည့် ဌာနဆိုင်ရာ အဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒေါ်မြတ်သက်နိုင်(အကြီးတန်းစာရေး)နှင့်ဒေါ်ခိုင်မြတ်မွန်ထွန်း(အငယ်တန်းစာရေး) တို့က ကွင်းဆင်းစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် စက်သုံးဆီဆိုင်များရှိ ဆိုင်အတွင်း ဆီကန်ဝင်ဆံ့နိုင်မှုပမာဏ၊ ဆီပြတ်လပ်သည့်ဆီကန်လက်ကျန်များ တိုင်းထွာခြင်း၊  ပြတ်လပ်သည့်ဆီနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊PO လျှောက်ထားမှု အခြေ အနေ၊  ဆိုင်အတွင်းကားတန်းစီမှု အခြေအ နေတို့ကို  ဆိုင်တာဝန်ခံများနှင့်အတူ စစ်ဆေးတိုင်းတာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)