ပြည်ခရိုင်အတွင်းရှိ တောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်မြို့၊ ဇီးအုပ်ကျေးရွာရှိ တောင်သူလယ်သမား သင်တန်း ကျောင်း၌ ၆.၁.၂၀၂၂ ရက်နေ့ ကျင်းပြုလုပ်သော စိုက်ပျိုးရေးဆိုင်ရာ ဘက်စုံပညာပေး သင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ ဘက်စုံပညာပေးသင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်(၆) မြို့နယ် မှ တောင်သူလယ်သမား (၃၇)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော တောင်သူ လယ်သမား များအား စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်မည့် နည်းလမ်းများ ၊ တိုင်ကြားမှုများအား လက်ခံဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာဗဟုသုတများအား ဆွေးနွေး ဟောပြောခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)