စာသုံးသူကာကွယ်ရေး လူထုအသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (.၁၂.၂၀၂၃)ရက်နေ့ ၊ နံနက် (၀၉:၀၀)အချိန် ကဇန်းကျေးရွာ၊ ဓမ္မာရုံတွင် ပြည်သူ(၄၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။

      အဆိုပါဆွေးနွေပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်းမြို့နယ် ကဇန်းကျေးရွာဓမ္မာရုံတွင် တက်ရောက်လာသူပြည်သူများအား စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူများမှ ရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆို နိုင်သည့်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ စားသုံးသူများက အခွင့်အ‌ရေးကို သိရှိပြီးလျှင် လိုက်နာရမည့် တာဝန်များကိုလည်း လိုက်နာရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ ကုန်စည်ကို ဝယ်ယူ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါဝင်သည့် ကုန်စည်ကိုရွေးချယ် တတ်စေရန် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို သိရှိရမည် ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလာသော ဖြစ်စဉ်များရှိသဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့်ဖြစ်စဉ်များအား ရှင်းလင်းကာ စားသုံးသူအခွင့်အရေး နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ပုံစံများအကြောင်းကို ပြောကြားခဲ့ပြီး တက်ရောက်လာများမှ သိရှိလိုသည်များကို စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)