ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အင်းလမ်းရှိ မုန့်တီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

       ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် ၁၃.၁၂.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အင်းလမ်းရှိ “ဒေါ်အုန်းမြိုင်” မုန့်တီစက်သို့ သွားရောက်၍ မုန့်တီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ ဆွေးနွေးခဲ့ရာ “ဒေါ်အုန်းမြိုင်” မုန့်တီစက်လုပ်ငန်းအနေဖြင့် (၁) ရက်လျှင် မုန့်တီဖတ်၊ ခေါက်ဆွဲဖတ် စုစုပေါင်း ပိဿာချိန် (၃၀) ခန့် ထုတ်လုပ်ပြီး (၁) ပိဿာလျှင် (၂၂၀၀) ကျပ်ဖြင့် ဘီးလင်းမြို့နယ်အတွင်းဖြန့်ဖြူးရောင်းချကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံက မုန့်တီဖတ်၊ ခေါက်ဆွဲဖတ် ထုတ်လုပ်ရာတွင် ဓါတုဆေးဝါးပစ္စည်းများ ကင်းရှင်းစေရန်၊ ရေဆိုးရေညစ်များကို စနစ်တကျစွန့်ပစ်စေရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို ပညာပေးဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖော်ပြပါရှိသော လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)