ငါန်းဇွန်(အ.မ.က)ကျောင်းများတွင် အသိပညာပေးဟောပြောပွဲ ပူးပေါင်းဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန် မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်၍ (၆.၁၂. ၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ငါန်းဇွန်မြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ငါန်းဇွန်မြို့၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောမှုများဆောင်ရွက်ခဲ့ပါသည်။

    ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးမှ  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး၊ ငါန်းဇွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်မိုးမိုးစံ (အကြီး တန်းစာရေး)မှ ကိုယ်လက်လှုပ်ရှားအားကစားခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပါယ်များ၊ နစ်နာဆုံးရှုံးမှု၏အဓိပ္ပာယ်နှင့် ကုန်အညွှန်းအမှတ်အသားများကို ရှင်းလင်းခဲ့ပြီး ကျောင်းသားကျောင်းသူများမှာ ငယ်ရွယ်သည့်ကလေးသူငယ်များ ဖြစ်သည့်အတွက် ကျောင်းတွင်ဖြစ်စေ၊ မိမိတို့၏နေထိုင်ရာရပ်ကွက်များ၌ဖြစ်စေ အစားအစာများ ဝယ်ယူစားသောက်ရာတွင် အသင့်စားအစားအစာများကို တတ်နိုင်သလောက်လျော့ပေါ့စားသောက်ကြရန်၊ အချို့အစားအသောက်များမှာ ခွင့်မပြုဓာတုဆိုးဆေးများ၊ ကြာရှည်ခံဆေးဝါးများပါရှိသည့် အတွက် ခန္ဓာကိုယ်ကြီးထွားမှု၊ ဉာဏ်ရည်ဖွံဖြိုးမှုများ ထိခိုက်နိုင်ပြီး ရောဂါမျိုးစုံဖြစ်ပွားတတ် ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြထားပြီး၊ သက်ဆိုင်ရာဌာများ၏ထောက်ခံချက်ပါ သောအစားအသောက်များနှင့် ကုန်ပစ္စည်းများကိုသာ ရွေးခြယ် ဝယ်ယူကြရန်၊ မိမိတို့ဝယ်ယူလိုက်သောကုန်ပစ္စည်းများကို ငယ်ရွယ်စဉ်မှစ၍ ကုန်အညွှန်းအမှတ် အသားများအား ကြည့်ရှု့ဝယ်ယူကြရန် အလေ့အကျင့်များရှိကြဖို့လိုအပ်ပါကြောင်း၊ ကုန်စည် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆိုတိုင်ကြားနိုင်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဟောပြောဆွေးနွေးပွဲများမှ ရရှိသည့်အသိပညာဗဟုသုတ များကိုလည်း မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မိမိတို့၏ပတ်ဝန်းကျင်များကိုလည်း အသိပညာဗဟုသုတများ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများလည်း ရှိကြရန်နှင့် ပြန်လည်၍မျှဝေပေးစေလိုပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ ပါသည်။

    ဟောပြောဆွေးနွေးပွဲများသို့ တက်ရောက်မှုအနေဖြင့် အမှတ်(၂)အခြေခံပညာမူလတန်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၈၀)ဦး၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)