ဘားအံမြို့နယ်ရှိ ရေသန့်လုပ်ငန်းနှင့် ရေခဲစက်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇင်မင်းကိုကို ဒုဦးစီးမှူးသည်  ၁၃-၁၄-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာရှိ သောက်ရေသန့်လုပ်ငန်းနှင့် ရေခဲစက်လုပ်ငန်းသို့  မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်း၍ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့စစ်ဆေးရာတွင် ခရိုင်စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ မိမိတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာအလိုက်ကိစ္စရပ်များအား စစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ထားမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် “စားသုံးသူလုံခြုံစိတ်ချရမှု ရှိစေရေး” အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုအခြေအနေများကို ဦးစားပေးကုန်စည်များရွေးချယ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)