မုဒုံမြို့နယ်၊ အ.လ.က(ခွဲ)စာစင်လမ်းမကြီးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

     ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ရုံးဝန်ထမ်းများအဖွဲ့သည် မုဒုံမြို့နယ်၊ အ.လ.က (ခွဲ)စာစင်လမ်းမကြီးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူထိခိုက် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအားပြောကြားခဲ့ပြီး အငယ်တန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.com တွင်လည်းဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)