တပ်ကုန်းမြို့၊ မြို့မဈေးရုံးတွင် အသိပညာ‌ပေးဟောပြောပွဲ ပြုလုပ်ခြင်း

Powered by Drupal

      ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် နေပြည်‌တော်၊ဦးစီးမှူးရုံးက ဦးဆောင်၍ တပ်ကုန်းမြို့၊ မြို့မဈေးရုံးခန်းတွင် ကုန်မျိုးစုံရောင်းချသည့်ဈေးသည်များနှင့် စားသုံးဆီ ရောင်းချသည့်ဈေးသည်များကို အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးဝင်းသွင် ရုံးအုပ်က ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိ လိုက်နာဆောင်ရွက်ရန်၊ စားသုံးဆီရောင်းချသူများအနေဖြင့် ဖော်ပြရမည့်သတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးရောင်းချရန်၊ စားအုန်းဆီရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ဈေးနှုန်းများထက် ပိုမိုရောင်းချခြင်းမပြုရန် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ‌ ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ဈေးသည်များမှ သိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်လာသူ (၂၄)ဦးရှိပြီး အသိပညာပေးဟောပြောပွဲကို နံနက်(၁၁း၃၀)အချိန်တွင်  ပြီးမြောက်ပြီး  သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)