(၁၁-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊မှ တာဝန်ရှိသူများသည် ပန်းတနော်မြို့ နေနတ်သား ဆန်စက်အား ထုတ်ကုန်လုံခြုံ စိတ်ချရ မှုရှိစေရန် ကွင်ဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာ ဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေး ခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)