ကရင်ပြည်နယ်ဒေသထွက် ပေါ်ဦးပေါ်ဖျား ဘူးသီးဈေးနှုန်းအခြေအနေ

Powered by Drupal

        ကရင်ပြည်နယ်၊ ဘားအံမြို့ ကျေးရွာများမှ ဒေသခံတောင်သူများသည်  ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်သီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ဘူးသီး ကိုလည်း  စိုက်ပျိုးထားရှိပါသည်။ ဒေသခံတောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းမှ ထွက်ရှိလာသော ဘူးသီးများကို ဘားအံမြို့ပေါ်ရှိ ဈေးများသို့ လာရောက်ရောင်းချကြရာ ပေါ်ဦးပေါ်ဖျားအချိန်တွင် ဘူးသီးစိတ် အရွယ်တော်တစ်စိတ်လျှင် (၅၀၀)ကျပ်၊ အကြီးတစ်စိတ်လျှင် (၁၀၀၀) ကျပ်ဖြင့် တစ်လုံးလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

      ဘူးသီးကို ငါး၊ ခရမ်းချဉ်သီး၊ နံနံပင်တို့ဖြင့် ချဉ်ရည်ဟင်းချက်၍ ရာသီပေါ် ဟင်းတစ်ခွက် အဖြစ်လည်းကောင်း၊ မုန့်နှစ်နှင့်ကြော်ပြီး အချည်ရည်ဖြင့် သားရေစာအဖြစ်လည်ကောင်း၊ ငရုပ်ကောင်းဖြင့် ဟင်းခါးချက်၍ အသုပ်ဖြင့် တွဲဖက်၍လည်းကောင်း၊ ပုစွန်ခြောက်နှင့် ကြော်ချက် ချက်၍လည်းကောင်း၊ ပြုတ်၍တို့စရာအဖြစ်လည်းကောင်း၊ ခြစ်ဖြင့်ခြစ်၍ အခြောက်လှန်း၍ လည်းကောင်းအမျိုးမျိုး စားသုံးကြပါသည်။

      ဘူးသီးတွင် ဗီတာမင် A ၊ ဗီတာမင် B ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ ဗီတာမင် K ၊ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိ၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လစီယမ် နှင့် ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်ပါသည်။ ဗူးသီးကို စားသုံးခြင်းဖြင့် အပူငြိမ်းစေခြင်း၊ ဝိတ်ကျစေခြင်း၊ ဆီးလမ်းကြောင်းပိုဝင်ခြင်းမှ သက်သာစေနိုင်ခြင်း၊ အစာခြေစနစ် ကောင်းစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှု ပြေလျော့စေခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်း စသည့် ကျန်းမာရေးပြဿနာများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

DOCA(ကရင်)