ဘားအံမြို့တွင် စက်သုံးဆီဖြန့်ဖြူးမှုဆိုင်ရာများ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စက်သုံးဆီဖြန့်ဖြူးရောင်းချမှုများ စနစ်တကျရှိစေရေး၊  ဈေးကွက်လိုအပ်ချက် ၊  ဈေးကွက်လက်ကျန်နှင့် မြေပြင်အမှန်ဆောင်ရွက်နေမှု အခြေအနေများကို ကရင်ပြည်နယ် စက်သုံးဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီဝင်များက ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်/ခရိုင်မီးသတ်ဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဘားအံခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပါကြောင်းနှင့် စစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေမှု ရှိ/မရှိ၊ သတ်မှတ်စံချိန်/စံညွှန်းနှင့် အရည်အသွေး/အရေအတွက် ပြည့်မီခြင်း ရှိ/မရှိ၊ ဈေးကွက်လိုအပ်ချက်၊ နေ့စဉ်အရောင်းနှင့် မြေပြင်လက်ကျန် အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

   ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စက်သုံးဆီအရောင်းဆိုင် ၂၈ ဆိုင်ရှိကြောင်းနှင့် အဆိုပါ စက်သုံးဆီဆိုင်များအနေဖြင့် သတ်မှတ်ရရှိသော စက်သုံးဆီများကို နိုင်ငံတော်မှ သတ်မှတ်ပေးသော ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)