ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေး Talk Showကို ဒီဇင်ဘာလ ၁၄ရက်နေ့ နေ့လယ်(၁၁:၀၀) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြပါသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မအူပင်မြို့နယ် ဦးစီးအရာရှိ ဦးအောင်ဇော်က စားသုံးသူရေးရာ ဦးစီးဌာနတွင် တာဝန်ယူဆောင်ရွက်ရမှု ကဏ္ဍကို မိတ်ဆက်တင်ပြပြီး၊ စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁) မှာ ပါဝင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူကို လွဲမှားယူဆမှုဖြစ်စေသော ပြုလုပ်မှုနှင့် စပ်လျဉ်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်က အာမခံချက်ပေးခြင်း အခန်း(၁၁၊ ၁၃)နှင့် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးအခန်း(၁၂၊ ၁၄)ကို လည်းကောင်း၊ အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)