ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာ အသိပညာပေး လုပ်ငန်းများကို လစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ (၁၃.၁၂.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သာပေါင်းမြို့နယ် ဂုံမင်းကျေးရွာရှိ ပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးရာ၌ စားသုံးသူပြည်သူများ သိသင့်သိထိုက်သော စားသုံးသူအခွင့် အရေး(၈)ချက်ကို အခြေခံ၍ စားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ရှင်းလင်းချက်များကိုလည်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)