စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးသည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၄.၁၂.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီတွင် ငပုတောမြို့မဈေးအတွင်းရှိ ရောင်းချနေသော အချိုရည်နှင့် သောက်ရေသန့် အမျိုးမျိုးအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် အချိုရည်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုးမဖြစ်စေရေး ရည်ရွယ်၍ ဓာတုဆိုးဆေးများပါဝင်ပြီး FDA ထောက်ခံချက်၊ ကုန်အညွှန်းမပြည့်စုံသော အချိုရည်နှင့် သောက်ရေသန့်များအား မရောင်းချရန် အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
DOCA(ဧရာဝတီ)