ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးတို့သည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်နှင့် ဖိတ်ကြားထားသော တိုင်းဒေသကြီးဦးစီးမှူး နေပြည်တော်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ရခိုင်ပြည်နယ်ဦးစီးမှူးတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း ကုန်စည်ဒိုင်များ တိုင်းဒေသကြီး/ပြည်နယ် ဆန်စပါးလုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များအသင်းတို့ ပါဝင်သည်။ Virtual စနစ်ဖြင့်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်၊၊
ယင်းအစည်းအဝေးတွင် ပြည်တွင်းစားသုံးမှုအတွက် အဓိကကျသော ပေါ်ဆန်းဆန်များကို စပါးရည်ညွှန်းဈေးများနှင့်အညီ ဆန်စက်ပိုင်ရှင်များထံမှ ဝယ်ယူပြီး စားသုံးသူပြည်သူများအား ဆန်ရည်ညွှန်းဈေးများအတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး စီမံချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့ အစည်းများ ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်းသိရှိရပါသည်၊၊
DOCA(ဧရာဝတီ)