စစ်ကိုင်းမြို့ပေါ်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦး သည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသော “ရွှေရည်လင်း”၊ “ကောင်းစံ”၊ “မြကျွန်းသာ”ကုန်မျိုးစုံဆိုင်နှင့် “ဆန်းသစ်ဝေ”စတိုးဆိုင် (၄)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        စစ်ဆေးခဲ့သော ကုန်မျိုးစုံဆိုင် (၄)ဆိုင်သို့ ဖြန့်ဖြူးရောင်းချနေသော အသင့်သောက်အချိုရည် အမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှု ရှိ/ မရှိ၊ ကန့်သတ်တားမြစ်ထားသည့် ဓာတုဆိုးဆေးများ၊ ဓာတုသကြားများ အသုံးပြုထားခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စစ်ကိုင်းခရိုင် ဦးစီးမှူးက စစ်ဆေးခဲ့သော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( စစ်ကိုင်း)