လုပ်ငန်းရှင်များ အသိပညာဗဟုသုတတိုးပွားရေး စားသုံးသူအသိပညာပေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၈.၁.၂၀၂၂) နေ့  နံနက် (၁၀:၀၀)နာရီတွင် မအူပင်မြို့နယ်၊ (၁)ရပ်ကွက်ရှိ သင်ဖျာလုပ်ငန်းရှင်များအား စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ အသိပညာပေးမှုကို ဆောင်ရွက်ခဲ့ပါသည်။

              အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ လုပ်ငန်းရှင်တို့၏ တာဝန်နှင့် ဝတ္တရားများကို ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ပေးရေးနှင့် ပတ်သက်၍ သိကောင်းစရာများကိုလဲ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း ပြန်လည်မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး