ဧရာဝတီတိုင်းဒေသကြီး ၊ သာပေါင်းမြို့နယ် ၂၀၂၃-၂၀၂၄ သစ်စိမ်းမြေဩဇာနှင့်် နေကြာစိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သံလျက်စွန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)နှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တောင်သူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ပါသည်၊၊

  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကြောင့် နိုင်ငံခြားသုံးငွေပျှမ်းမျှ ၇၀၀ သန်း သုံးစွဲရခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများအကြောင်း ကျန်းမာရေးနှင့်ညီညွှတ်သော နေကြာတိုးချဲ့စိုက်ပျိုးရေးအကြောင်းများကို ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေး မန်နေဂျာ ဦးစိန်မောင်မြင့်က ဓာတုမြေဩဇာသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်သုန်းခြင်းနှင့် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်မှုနှင့် အထွက်နှုန်းတိုးတက်ရခြင်းအကြောင်း ရှင်းလင်းဆွေးနွေး၍ သစ်စိမ်းမြေဩဇာနှင့် နေကြာ စိုက်ပျိုးလျက်ရှိသော တောင်သူဦးမြင့်စိုး၊ ဦးဝင်းထိုက် စံပြစိုက်ခင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)