မအူပင်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လျက်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီစျေးနှုန်းများ ပုံမှန်ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မအူပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မအူပင်မြို့အတွင်း စက်သုံးဆီဆိုင်(၉)ဆိုင်တွင် ဆီပြတ်လျက်မှုမရှိစေရေး၊ ဓာတ်ဆီ၊ စက်ဆီများ ပုံမှန်ရောင်းဝယ်မှုရှိစေရေး၊ စက်သုံးဆီသိုလှောင်ကန်များ စနစ်တကျထားရှိမှုရှိ၊ မရှိစစ်ဆေးခြင်း၊ မီးဘေးလုံခြုံမှုရှိစေရေး၊ မီးသတ်ဆေးဗူးများ ကောင်းမွန်မှုရှိမရှိ စစ်ဆေးခြင်းနှင့် ရေလှောင်ကန်ထားရှိမှု စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

   အလားတူပင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် မြို့နယ်မိတ်ဖက်အဖွဲ့များနှင့်အတူ ဓနုဖြူမြို့နယ်အတွင်း ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)