ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ အစည်းအဝေး ၄/၂၀၂၃ ကျင်းပ

Powered by Drupal

        ကရင်ပြည်နယ်/စားသုံးသူရေးရာကော်မတီအစည်းအဝေး ၄/၂၀၂၃ ကို ၂၀-၁၂-၂၀၂၃ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်/စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ (ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီး) ဦးစောခင်မောင်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ စားသုံးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ (ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီး) ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ မိမိတို့ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နစ်နာမှုများအပေါ်တိုင်ကြားလာပါက ထိရောက်မြန်ဆန်စွာဖြေရှင်း ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသော ကော်မတီဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

        အခမ်းအနားတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌပါ ကော်မတီအဖွဲ့ဝင် ( ၉) ဦးတက်ရောက်ခဲ့ကြောင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်( ၁၀ ) ချက်ချမှတ်နိုင်ခဲ့ ကြောင်းနှင့် အစည်းအဝေးကို ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

DOCA(ကရင်)