ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်နီလာဦးနှင့် ဝန်ထမ်းများသည် ၁၂.၁၂.၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၂:၃၀) အချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောခဲ့ရာတွင် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး၊ ဒေါ်နီလာဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်တို့ကို အကျယ်တဝင့်ပြောကြားခဲ့ပြီး အစားအသောက်များဝယ်ယူ စားသောက်ရာတွင် ဥပဒေပါအခန်း(၁၈)မှ ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံမှသာ ဝယ်ယူစားသုံးသင့်ပါကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ ကိုလည်းဟောပြောဆွေးနွေးခဲ့ရာ ကျောင်းအုပ်ဆရာကြီးကလည်း အခုလို မိမိကျောင်းသား များ မသိသေးသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၇၇) ဦးတက်ရောက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)