မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဆေးဆိုင်နှင့်ကုန်စုံဆိုင်များအား မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွန့်ဦး၊ ဦးစီးအရာရှိ ဦးဝေလင်းဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေး ၊ မြို့နယ်စားသုံးသူရေး ရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့ ပူးပေါင်း၍ (၂၀.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင်ဆေးဆိုင်နှင့်ကုန်စုံဆိုင်များ၌ ရောင်းချသော ဆေးဝါးနှင့်စားသောက်ကုန်များတွင် အညွှန်းများ တပ်ဆင်မှု ရှိ/မရှိ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုရှိ/ မရှိနှင့် (FDA)မှ တားမြစ်ထားသော ဆေးဝါးနှင့်စားသောက်ကုန်များအား ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးဥပါဒ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော အရည်အသွေးပြည့်မီသော ဆေးဝါးနှင့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရန်၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဥပဒေနှင့်ညီညွတ်သော ဆေးဝါးနှင့် ကုန်ပစ္စည်းများကိုသာရောင်းချနိုင်စေရန်၊ ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့် ညီညွတ်သော ဆေးဝါးနှင့်ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)