အသင့်သောက်အချိုရည် အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ၂၆.၁၂.၂၀၂၃ ရက်နေ့ နေ့လည်(၁၂:၃၀) အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးနှင့် မင်္ဂလာဒုံမြို့နယ်၊ ရတနာသီရိဈေးသို့ အသင့်သောက်အချိုရည် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်ကေခိုင်မျိုးထွန်း(ဒု-ကြီးကြပ်ရေးမှူး) နှင့်ဝန်ထမ်းများ ဈေးစည်ပင်မှတာဝန်ခံပါ ဝန်ထမ်းများသည် ရွှေပြည်သာမြို့နယ်ရှိ ပတ္တမြား ဈေးနှင့်မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးသို့ သွားရောက်ကာ အသင့်သောက်အချိုရည် အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသား တွင် ပါဝင်ရမည့်အချက်များဖြစ်သည့် ကုန်စည်တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကုန်ကြမ်း ပစ္စည်းများ၏ အမျိုးအမည်၊ ပမာဏပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်)ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်း အမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများအား မရောင်းချရန် အသိပေးပြောကြားခဲ့ပါသည်။

DOCA (YGN)