စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင် မင်းဘူးမြို့နယ်တာဝန်ခံသည် (၂၁.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၆)ဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဆောင်ကာ ဌာနဆိုင်ရာများပူးပေါင်း၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံဥက္ကဌနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချနေသော ဆီဆိုင်(၁၆)ဆိုင်အား စက်သုံးဆီဈေးနှုန်းများအား လက်ကားရည်ညွှန်း ဈေးထက် အဆမတန်တိုးမြှင့်၍ ရောင်းချမှုမရှိစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေးနှင့် စံနမူနာ ခွက်များဖြင့် ချိန်တွယ်ခြင်း၊ စက်သုံးဆီဆိုင်များအား ဆီပြတ်လတ်မှုမရှိစေရေး၊ ဆီလက်ကျန်အခြေ အနေများနှင့် ဆီဆိုင်များအားပိတ်ထားခြင်းမဖြစ်ပေါ်စေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(မကွေး)