ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁၂/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃ခုနှစ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁၁/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာဌာနများက တရားမဝင်ကုန်စည်အဖြစ် ကြေညာထားသည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေနွေးခဲ့ပြီး မိမိတို့စားသုံးသူကော်မတီအဖွဲ့သည် စားသုံးသူအကာကွယ်ပေးရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးမည့် ကော်မတီဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူပြည်သူများအတွက် စိတ်ရင်းစေတနာထားကာ ပိုမိုကောင်းမွန်သော ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရှေးဆက်လုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူအားလုံးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ပိုမိုကောင်းမွန်သော ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆက်လက်တာဝန်ယူဆောင်ရွက်ပေးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ချင်း)