ကုန်သွယ်/လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာန လူမှုကူညီရေးအသင်း နှစ်ပတ်လည် အသင်းသားစုံညီအခမ်းအနားကျင်းပ

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်/လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာန လူမှုကူညီရေးအသင်း နှစ်ပတ်လည် အသင်းသားစုံညီအခမ်းအနားကို ၃၁.၁၂.၂၀၂၃ ရက်နေ့ ၊နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်/လယ်ယာ ဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

    အခမ်းအနားတွင် အသင်းနာယက ဦးစောလှထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်း ဥက္ကဌ ဦးဖေသိန်းက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အသင်းဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်ကို အတွင်းရေးမှူး ဦးစိုးသန်းအေးက ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက အသင်း၏ ဝင်ငွေ/ထွက်ငွေ နှစ်ချုပ်ရှင်းတမ်းကို Power Point ဖြင့် ရှင်းလင်းခဲ့ပါသည်။ ထို့ပြင် စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က မတည်အလှူငွေကျပ် (၅၀၀၀၀) ကို ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းမှ အသင်းဥက္ကဌထံ ကိုယ်စားပေးအပ်ပြီး အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာသည့် အသင်းသားများမှ အကြံပြုဆွေးနွေးခဲ့ကြပြီး  အခမ်းအနားအား (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)